
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျီးသဲမြို့သို့ သွားရာလမ်းတလျှောက်တွင် သစ္စာပန်းပင် များကို စီးပွားဖြစ်ရော၊ တစ်နိုင်၊ တစ်ပိုင်ပါ စိုက်ပျိုးရှိတာတွေ့ရပါသည်။ စိုက်ပျိုးသော မျိုးများမှာ မြန်မာမျိုးနှင့် ဟော်လန်မျိုးတို့ဖြစ်ပါသည်။ ယခုအချိန်ဖြစ်သော မတ်လတွင် သစ္စာပန်းများ စတင်ထွက်ပေါ် လာချိန်ဖြစ်၍ ကျေးရွာများတွင် အဝယ်ဒိုင်များဖွင့်လှစ်ပြီး ရွှေမြို့ရှိ ပန်းဒိုင်များ သို့တင်ပို့ရောင်းချသည်ဟု သိရပါသည်။ ရွှေတောင်မြို့မှ ရွှေနတ်တောင် ဘုရားသို့သွားရာလမ်းဖြစ်သော ရွှေနတ်တောင်ဘုရား ကျော်လျှင် တွေ့ရသော ကျေးရွာများဖြစ်သော ရွှေမြင်တင်ရွာ၊ ရွှေကျွန်း ကုန်းရွာ၊ လိပ္ပုတ်ကုန်း ကျေးရွာများတွင် အများအပြား စိုက်ပျိုးကကြပါသည်။ ရောင်းချသော ဈေးနှုန်းအနေဖြင့် (၅)တံစည်းတစ်စည်းလျှင် ဖောက်သည်ဈေး ၁၀၀၀-၁၅၀၀ကျပ်ဖြင့် ရောင်းချကြ ပါသည်။ ရွှေတောင်မြို့ ပန်းဒိုင်များမှတစ်ဆင့် နယ်စုံသို့တင်ပို့ ရောင်းချသလို ရန်ကုန်မြို့ရှိ ဈေကွက်များသို့ တင်ပို့ရောင်းချ ကြပါသည်။ ပြည်မြို့ရှိဈေးကွက်များသို့လည်း ရွှေတောင်မြို့ထွက် သစ္စာပန်းများတင်ပို့ရောင်းချသဖြင့် ဈေးကွက်တွင်ရောင်းချသော ဈေးမှာ (၅)တံပါတစ်စည်းလျှင် ၂၀၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။
သစ္စာပန်းရောင်းချသူများအနေဖြင့်လည်း အရင်းအနှီးကြီးသဖြင့် ပန်းဈေးများလည်း မြင့်တက် လာသော်လည်း ဝယ်ယူသူများကလည်း ဝယ်ယူမှုရှိသဖြင့် အကျိုးအမြတ်များလည်း ရှိနေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)