
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ငပိ၊ ငခြောက်၊ ပုဇွန်ခြောက်ဈေးနှုန်းများမှာ ပုဇွန်ငပိ တစ်ဆယ်ကျပ်သားလျှင် ၁၆၀၀/၁၇၀၀ ကျပ်ဈေးနှုန်း များဖြင့် ရောင်းချလျက်ရှိပါသည်။ မြိတ်ဒေသထွက်ကုန် မျှင်ငပိဗူး ၂၅ ကျပ်သား တစ်ဗူးလျှင် ၄၀၀၀/ကျပ်၊ဈေးနှုန်းတို့ဖြင့် ဈေးကွက်အတွင်း ရောင်းချလျှက်ရှိပါသည်။ ငပုတ်သင်ခြောက် တစ်ဆယ် ကျပ်သားလျှင် ၃၅၀၀/၄၀၀၀ ကျပ်၊အာဗြဲခြောက် အချိုခြောက်တစ်ဆယ် ကျပ်သားလျှင် ၃၅၀၀/၄၅၀၀ /၆၀၀၀ ကျပ်ထိ အသေးအကြီးပေါ်မူတည်၍ ဈေးနှုန်းမြင့်တက် ရောင်းချလျက် ရှိပါသည်။ အသားမြှောင်း ခြောက်တစ်ဆယ်ကျပ်သားလျှင် ၂၈၀၀/၃၀၀၀ ကျပ်၊SP ခြောက် (ငဖီးမ) ခြောက် တစ်ဆယ်ကျပ်သား လျှင် ၁၆၀၀ ကျပ်၊ ငတံခွန်ခြောက် တစ်ဆယ် ကျပ်သားလျှင် ၂၀၀၀/ ၂၅၀၀/၂၈၀၀ ကျပ်၊ ငနီတူခြောက် တစ်ဆယ်ကျပ်သားလျှင် ၃၂၀၀ ကျပ်၊ငရံ့လုံးခြောက်တစ်ဆယ် ကျပ်သားလျှင် ၄၀၀၀/၅၀၀၀/၆၀၀၀ကျပ်၊ ငဇင်းပြားခြောက် တစ်ဆယ် ကျပ်သားလျှင် ၁၅၀၀/၂၀၀၀ ကျပ်ဈေးတို့ဖြင့် ပုံမှန်ရောင်းချလျက် ရှိပါသည်။
ပုဇွန်ခြောက်ဈေးနှုန်းများအနေဖြင့် ပုဇွန်ခြောက်တစ်ဆယ်ကျပ်သားလျှင် အနည်းဆုံး ၅၀၀၀ ကျပ်မှစတင်၍ ၁၅၀၀၀ ကျပ်ထိ ဈေးနှုန်းများရှိနေပါသည်။အများဆုံးဝယ်ယူလျက် ရှိသော ပုဇွန် ခြောက်မှာ ၈၀၀၀ /၉၀၀၀/၁၀၀၀၀ /ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော ပုဇွန်ခြောက်များ ဖြစ်ပါ သည်။ ပုဇွန်ခြောက်ဈေးနှုန်းများမှာ ယခင်လနှင့်ယခုလနှိုင်းယှဉ်ပါက ဈေးနှုန်းကျဆင်း သွားခြင်းမရှိပဲ ပုံမှန်ဈေးတို့ဖြင့်ရောင်းချလျှက်ရှိကြောင်း ဈေး အတွင်းငပိ၊ငခြောက်၊ပုဇွန်ခြောက် ရောင်းချသူ တစ်ဦးထံမှ သိရှိရပါ သည်။
DOCA(ပဲခူး)