Main menu

ဈေးနှုန်းကျဆင်းနေသောကြက်သွန်နီနှင့်အာလူးဈေးကွက်

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် (၅၀၀၀/ ၄၀၀၀/ ၃၀၀၀) ကျပ်၊ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ရှိနေခဲ့ပြီးမတ်လဒုတိယပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် (၃၀၀၀/၂၅၀၀/၂၀၀၀/)ဈေးနှုန်းတို့အသီးသီးရှိနေကြပါသည်။

အာလူးဈေးကွက်ရောင်းချမှုအနေဖြင့် အာလူးတစ်ပိဿာလျှင် ဖေဖော်ဝါရီလနောက်ဆုံး ပတ် တွင်  အာလူးဈေးနှုန်းမှာ(၆၀၀၀/၇၀၀၀) ကျပ် ဈေးရှိနေခဲ့ရာယခုမတ်လ ဒုတိယပတ် တွင်လည်း အာလူးဈေးနှုန်းမှာ ၄၅၀၀/၅၀၀၀  ကျပ် ဖြင့်အရောင်း ဝယ်ဖြစ်နေပြီး ယခုမတ်လဒုတိယပတ်တွင် ဈေးကွက်အတွင်း၌ ကြက်သွန်နီအသစ်များ လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ကြက်သွန်နီဈေးနှုန်း များလည်း ကျဆင်းလာကြောင်း၊ကြက်သွန်နီများကို ပြည်ဘက်မှကားများဖြင့် ဝယ်ယူရောင်းချ လျက်ရှိကြောင်းသိရပြီး၊အာလူးဈေးနှုန်းမှာလည်း ကျဆင်းသွားကြောင်း သိရှိရ သည်။

DOCA(ပဲခူး)