Main menu

မင်းလှမြို့နယ်စပါးဈေးကွက်အခြေအနေ

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် စပါးဈေးကွက်အခြေအနေမှာဖေဖော် ဝါရီလနောက်ဆုံးပတ်နှင့် မတ်လပထမပတ်တို့တွင် ဆင်းသုခ၊မနောသုခစပါး ၄၆ပေါင်တင်း ၁၀၀လျှင် ၁၆၅၆၀၀၀/ရှိခဲ့ပြီး မတ်လဒုတိယပတ်တွင် ၁၇၀၂၀၀၀/ရှိခဲ့ကာ စပါးဈေးအနည်းငယ်သာ မြင့်တက် ခဲ့ပြီး အရောင်းအဝယ်အေးလျက်ရှိပါသည်။

        ဆန်ဈေးကွက်အနေဖြင့် ဆင်းသုခ၊မနောသုခ အသစ်တစ်ပြည်လျှင် ၃၀၀၀ကျပ်၊အ‌ဟောင်းတစ် ပြည်လျှင် ၄၅၀၀ ကျပ်၊ပေါ်ဆန်းမွေး(အသစ်)တစ်ပြည်လျှင် ၆၅၀၀ကျပ်၊(အဟောင်း)တစ်ပြည်လျှင် ၈၀၀၀ကျပ်၊ရတနာတိုးတစ်ပြည်လျှင် ၇၅၀၀ကျပ်၊ကောက်ညှင်းဆန်တစ်ပြည်လျှင် ၇၅၀၀ကျပ်၊ဆင်း သုခ၊မနောသုခ (အ‌ဟောင်း)တစ်အိတ်လျှင် ၈၀၀၀၀ ကျပ်မှ၈၅၀၀၀ကျပ်၊ (အသစ်)တစ်အိတ်လျှင် ၇၀၀၀၀ကျပ်မှ၇၂၀၀၀ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း ဆန်ရောင်းချသူ တစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)