
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မင်းလှမြို့နယ်ရှိ ပဲဈေးကွက်အနေဖြင့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်နှင့်မတ်လပထမပတ်တို့တွင် မတ်ပဲ((၂၀)ပိဿာတစ်တင်းကို ၉၉၀၀၀/ကျပ်ရှိခဲ့ပြီး မတ်လဒုတိယပတ်တွင် ၉၆၃၀၀ ကျပ်ရှိခဲ့ရာ အနည်းငယ်ကျဆင်းသွားကြောင်း ပဲငပိ (၂၀)ပိဿာ တစ်တင်းကို ၁၁၂၀၀၀ကျပ်၊ကုလားပဲ(၂၀)ပိဿာတစ်တင်းလျှင် ၆၉၀၀၀ကျပ်၊စားတော်ပဲတစ်ပြည်ကို ၉၀၀၀ကျပ်၊ပဲဖြူသေးတစ်ပြည်လျှင် ၁၁၀၀၀ကျပ်၊ဘိုကိတ်တစ်ပြည်လျှင် ၇၅၀၀ ကျပ်၊ပဲနီစေ့တစ်ပြည် လျှင် ၇၅၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးအတွင်းပဲမျိုးစုံရောင်းချနေသော ဆိုင်ရှင် တစ်ဦးထံမှသိရှိရပါသည်။
DOCA(ပဲခူး)