Main menu

ပြန်/ဆက်ရုံးတွင် စားဖတ်ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ကျိုက်လတ်မြို့တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ မတ်လ(၁၁)ရက်နေ့တွင် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ပြန်/ဆက်ရုံး စားဖတ်ဝိုင်းရှိ စာဖတ်ပြည်သူ(၁၂)ဦးအားစားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          အဆိုပါ အသိပညာပေးပွဲတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးရန်မသင့်သည့် အစားအစာများအကြောင်း၊ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ဈေးကွက်အတွင်းရှိ ကုန်စည်နှင့်ဝန်ဆောင်မှုများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များအကြောင်း၊ မြန်မာဘာသာဖြင့်ဖြစ်စေ အခြားဘာသာ တစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှု များဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် Call Center 1535 သို့ တိုင်းကြားနိုင်ကြောင်း စားသုံးသူကာကွယ်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များပြောကြား၍အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။     

DOCA(ဧရာဝတီ)