
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့ အမှတ်(၅)ရပ်ကွက်ရှိ ဦးအေးမောင်း၏ “မိသားစု” မုန့်ဟင်းခါးဖို လုပ်ငန်းသို့ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ် (၁၁)ရက် နေ့တွင် သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်များကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကုန်စည်များအား စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် မုန့်ဟင်းခါးဖတ်များကို တာရှည်ခံစေသည့် ဖော်မလင်ဆေးများ အသုံးမပြုရန် အသိပေးတိုင်တွန်းခဲ့ပြီး၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးရင်းနှီးမြှပ်နှံထားရှိမှု့ လုပ်သားအင်အားအသုံးပြုမှု့ ဈေးနှုန်းဈေးကွက်အခြေအနေများ၊ ကုန်စည်အပေါ် အကျိုးအမြတ်ရရှိမှု့ အခြေအနေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးမှု့၊ ကုန်စည်အပေါ်တာဝန်ရှိမှု့၊ပြစ်မှု့ပြစ်ဒဏ်များ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)