Main menu

ပြန်/ဆက်ရုံး၌ စားဖတ်ပြည်သူများအား MSME ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာပေးဟောပြော

Powered by Drupal

           ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ မတ်လ (၁၀)ရက်နေ့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ စားဖတ်ပြည်သူများအား MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံမှ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းရှင်များနှင့် လစဉ်တွေ့ဆုံ၍ ထုတ်လုပ်သောကုန်စည်များ အရည်အသွေးကောင်းမွန်ပြီး ပြည်တွင်းပြည်ပ ဈေးနှုန်းဈေးကွက် ရရှိမှုအခြေအနေများ ခေတ်မီစက်ကိရိယာများ တပ်ဆင်အသုံးပြုရေး၊ ထုတ်လုပ်မှုနည်းပညာများ ရရှိရေးအတွက် မိမိဌာနနှင့် သက်ဆိုင်ရာဌာနများမှ ဖွင့်လှစ်သော သင်တန်းများ တက်ရောက်နိုင်ရေးဆောင်ရွက်ပေးမှု အခြေအနေများကို ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့ပြင် MSME လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထုတ်လုပ်သောကုန်ပစ္စည်းများတွင် မိမိတို့ဌာနမှ သက်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ဖော်ပြနိုင်ရေးအတွက် ဆောင်ရွက်ပေးမှု အခြေအနေများကိုလည်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)