
စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ကျွမ်းကျင်နားလည်နိုင်စေရန်နှင့် ဝန်ထမ်းများ၏စွမ်းဆောင်ရည် မြင့်မားလာစေရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၏လက်အောက်ရှိ ဌာနခွဲ (၆)ခု၏ လုပ်ငန်းဆောင်ရွက်မှုများအား မေးခွန်းထုတ်ထားသည့် Online မေးခွန်းများကို စားသုံးသူရေးရာ ဦးစီး ဌာန(ရုံးချုပ်) မှ ပေးပို့လျက်ရှိပါသည်။ ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်စေရန် ရည်ရွယ်၍ တိုင်းဒေသကြီးအတွင်း၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်းများ ဖွင့်လှစ်ခြင်းများဆောင်ရွက်လျက်ရှိသကဲ့သို့ ရုံးချုပ်မှပေးပို့လာသည့် Online မေးခွန်း အမှတ်စဉ်(၉)အား ဝန်ထမ်းများ လေ့ကျင့်ဖြေဆိုခြင်းများဆောင်ရွက်၍ ဝန်ထမ်းစွမ်းဆောင်ရည်များ မြှင့်တင်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)