Main menu

ဧရာဝတီတိုင်းဒေသကြီး ပုဂ္ဂလိက စက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး ပုဂ္ဂလိက စက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ၏ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၁ ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီအချိန် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တိုင်းဦစီးမှူးရုံးတွင် ကျင်းပပြုလုပ်ရာ ပုဂ္ဂလိက စက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးရဲမြင့်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန အဖွဲ့ဝင်ဌာနများ တက်ရောက် ခဲ့ပါသည်၊၊

          အစည်းအဝေးတွင် တိုင်းအတွင်း ပုဂ္ဂလိကစက်မှုမှတ်ပုံတင်ရန် လျှောက်ထားလာသော မြို့နယ် ၁၈ခုမှ အစားအစာထုတ်လုပ်ခြင်း၊ အထည်ချုပ်လုပ်ငန်း၊ ရေနံမီးသွေးနှင့် သန့်စင်ပြီး ရေနံစိမ်းထုတ်ကုန်များ ထုတ်လုပ်ခြင်းလုပ်ငန်း၊ အကြီးစားလုပ်ငန်း (၃)ခု အစားအစာထုတ်လုပ်ခြင်း၊ အထည်ချုပ်လုပ်ငန်း၊ စက်နှင့်စက်ကိရိယာများ ပြင်ဆင်ခြင်းနှင့် တပ်ဆင်ခြင်း အငယ်စားလုပ်ငန်း (၁၅)ခု အား ပုဂ္ဂလိကစက်မှုမှတ်ပုံတင်ရန်အတွက် ဆွေးနွေးတင်ပြခဲ့ပါသည်၊၊

          တက်ရောက်လာသော အဖွဲ့ဝင်ဌာနများမှ ပုဂ္ဂလိကစက်မှုမှတ်ပုံတင်ရန် လျှောက်ထားသည့် လုပ်ငန်းရှင်များမှ တင်ပြလာသော လုပ်ငန်းများအပေါ် သက်ဆိုင်ရာဌာနများဖြစ်သော စည်ပင်၊ မီးသတ်၊ ကျန်းမာရေး၊ လျှပ်စစ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပတ်ဝန်းကျင်၊ သစ်တောဦးစီးဌာန အထောက်အထားများပြည့်စုံစွာ တင်ပြလာမှုအပေါ် အဖွဲ့ဝင်ဌာနများမှ စိစစ်၍ပေးခဲ့ပြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ပုဂ္ဂလိကစက်မှုကြီးကြပ်ရေးအဖွဲ့မှ အထက်သို့ ဆက်လက်တင်ပြသွားမှာဖြစ်ကြောင်း သိရှိရပါသည်၊၊

DOCA(ဧရာဝတီ)