
ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အနောက်တောင်ဘက်အခြမ်းတွင် တည်ရှိပြီး လူဦးရေ (၆) သန်းကျော် နေထိုင်သော မြစ်ဝကျွန်းပေါ်ဒေသကြီး ဖြစ်သောကြောင့် ဧရာဝတီမှ စိုကိပျိုးထွက်ရှိသော အသီးအနှံများမှာ လတ်ဆက်သည့်အတွက် ဧရာဝတီမှထုတ်လုပ်သည့် အစားအသောက်များမှာလည်း လတ်ဆက်ပြီး အရသာရှိသည့် အစားအသောက်များအဖြစ် နာမည်ကြီး ထင်ရှားလှပါသည်။ ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ရောက်ရှိလာသော ဧည့်သည်များသည် ဧရာဝတီဒေသထွက် အစားအသောက်များကို အိမ်ပြန်လက်ဆောင်များအဖြစ် ဝယ်ယူသွားလေ့ရှိကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသအတွင်းမှ နာမည်ကြီး အစားအသောက်များအနက် မအူပင်မြို့ရဲ့နာမည်ကြီး ကျားမုန့်တိုက်မှ ထွက်ရှိသည့် ပဲမုန့်များမှာလည်း လူကြိုက်များလှပါသည်။ ကျားမုန့်တိုက်လုပ်ငန်းမှာ မအူပင်မြို့နယ်တွင် ရပ်တည်နေသည်မှာ နှစ်ပေါင်း(၆၀)ကျော်ခန့်ရှိနေပြီ ဖြစ်ပြီး ကျားမုန့်တိုက်မှ ထွက်ရှိသောမုန့်များမှာ ပဲမုန့်၊ အငံမုန့်၊ ကိတ်မုန့်နှင့် ဖရုံယိုမုန့်တို့ကို ထုတ်လုပ်ရောင်းချလျက်ရှိကြောင်းလည်း သိရှိရပါတယ်။ ကျားမုန့်တိုက်မှ ထုတ်လုပ်သောမုန့်များမှာ ဓါတုဆိုးဆေးများ လုံးဝမသုံးထားသည့်အတွက် အရသာပြည့် သန့်ရှင်းလတ်ဆက်သည့်အတွက် လူကြိုက်များလှခြင်းဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။ ကျားမုန့်တိုက်မှာ နာမည်ကြီးလှသည့်အတွက် ယခုဆိုလျှင် မအူပင်မြို့ရဲ့ အမှတ်တံဆိပ်တစ်ခုအလား ရပ်တည်နေနိုင်နေပြီဖြစ်ပါကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)