
မြန်မာလူမျိုးများသည် ငါးပိကိုကြိုက်နှစ်သက်ကြသည့်အတွက် မြန်မာနှင့်ငါးပိဆိုတာ ခွဲခြားလို့မရနိုင်တာအမှန်ပါ။ ထမင်းပွဲတိုင်းတွင် ငါးပိရည်ပါမှသာ ပြီးပြည့်စုံတက်ကြသည်မှာ မြန်မာလူမျိုးများပင် ဖြစ်ပါသည်။ ငါးပိကို မြန်မာလူမျိုးများပင် ကြိုက်နှစ်သက်ကြသည် မဟုတ်ဘဲ အရှေ့တောင်အာရှ နိုင်ငံတော်တော်များများတွင်လည်း ငါးပိကို စားသုံးကြပါတယ်။ ရှေးယခင်တုန်းကဆိုလျှင် မျှင်ငါးပိဟာ အင်ဒိုနီးရှားနိုင်ငံတွင် ဘုရင်အား အခွန်အဖြစ်ဆက်သရသည့်ပစ္စည်း အဖြစ်တည်ရှိခဲ့ဖူးကြောင်းကိုလည်း လေ့လာ မှတ်သားခဲ့ရပါတယ်။ ဧရာဝတီတိုင်းသည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့်အတွက် ငါးပိနှင့် ငါးခြောက်များစွာလည်း ထွက်ရှိပါတယ်။ ဒါကြောင့် ငါးပိနှင့် ငါးခြောက်တို့မှာ ဧရာဝတီရဲ့ ဒေသထွက်ကုန် ဆိုပါကလည်း မှားမည်မထင်ပါ။ ဧရာဝတီရဲ့ငါးပိနှင့် ငါးခြောက် ဒေသထွက်ကုန်များအနက် “ရောင်နီဦးရေထွက်ပစ္စည်း လုပ်ငန်း” မှ ထုတ်လုပ်သည့် ငါးပိနှင့် ငါးခြောက်များမှာ လူကြိုက်များလှကြောင်းသိရသည်။
“ရောင်နီဦးရေထွက်ပစ္စည်း လုပ်ငန်း” ကို အမှတ် L(၄၃)၊ အောင်စည်လမ်း၊ မြကျွန်းသာအိမ်ရာ၊ ပုသိမ်မြို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားခြင်း ဖြစ်ပြီး ထုတ်ကုန်များအနေဖြင့် ငါးပိရည်ကျိုနှင့် အသင့်စား ငါးရံ့ခြောက်ဖုတ်တို့ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။ ရောင်နီဦးမှ ထုတ်လုပ်သည့် ငါးပိရည်ကျိုသည် ငါးဖယ်သီးသန့်ကို သာ အသုံးပြုထားသည့်အပြင် ဆန်ကွဲ နှင့် ထမင်းတို့အား အသုံးမပြုဘဲ ဆားသီးသန့်ဖြင့်သာနှပ်ထားသည့် လတ်ဆတ်သောငါးပိဖြစ်သည့်အတွက် လူကြိုက်များလှခြင်း ဖြစ်ကြောင်းလည်း သိရှိရပါတယ်။ ငါးပိရည်ကျိုများကို ၂ပိဿာ၄၀ကျပ်သား ဗူးကြီး(၁)ဗူးလျှင် (၃၃၅၀၀) ကျပ်၊ ၁ပိဿာ ၆၀ကျပ်သား ဗူးလတ် (၁)ဗူးလျှင် (၂၂၄၀၀) ကျပ်၊ ၆၀ကျပ်သား ဗူးသေး(၁)ဗူးလျှင် (၈၄၀၀) ကျပ် ဖြင့် မြန်မာ နိုင်ငံရှိ အမြို့မြို့ အနယ်နယ်များသို့ ဖြန့်ဖြူးရောင်းချလျှက်ရှိကြောင်းလည်း သိရှိရပါတယ်။ ရောင်နီဦးမှ ထုတ်လုပ်သည့် အသင့်စား ငါးရံခြောက်ဖုတ် (၁၀)ကျပ်သား တစ်ဗူးလျှင် (၁၆၀၀၀) ကျပ် ဖြင့် ရောင်းချလျက်ရှိပြီး ငါးရံ့ခြောက်ကို ငါးရံ့ ခပ်ကြီးကြီးအသားပေါပေါကိုမှ ရွေးချယ်၍ ငါးရံ့ခြောက်ပြုလုပ်ထားသည့် အပြင် ယမ်းစိမ်း နှင့် ဓါတု ဆိုးဆေး များ၊ အရိုး နှင့် အရေများ မပါဝင်ဘဲ အသားချည်း ဖြစ်သည့်အတွက် လူကြိုက်အလွန်များလှ ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)