Main menu

မြောင်းမြခရိုင်အတွင်းရှိ ဆီလုပ်ငန်းရှင်များအား အရေးကြီးဝန်ဆောင်မှုဥပဒေနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

           (၉.၃.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်သည် မြောင်းမြခရိုင်အတွင်း၌ စားအုန်းဆီ ရောင်းဝယ်ဖြန့်ဖြူးရေး လုပ်ငန်းများ‌ဆောင်ရွက်နေကြသည့် ဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားအုန်းဆီ များ အား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများထက် ကျော်လွန်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့်  ဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမျိုး မဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်နေပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေများအရ အရေးယူဆောင်ရွက်ခြင်းကိုလည်း ခံရမည်ဖြစ်ကြောင်းကိုလည်း အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)