
စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးသည်(၁၆.၃.၂၀၂၅) ရက် နေ့ နံနက်(၁၀:၀၀)အချိန်တွင် ဟင်္သာတမြို့၊ လယ်တော်ရပ်၊ အဝေးပြေးကာဝန်းအတွင်းရှိ ကုန်စည် ဒိုင်အသင်းရုံး၌ အသင်းဝင်လုပ်ငန်းငန်းရှင်များအား အသိပညာပေး ဟောပြော ဆွေးနွေးခြင်းကို ဆောင် ရွက်ခဲ့ပါသည်။
ထိုဆွေးနွေးပွဲတွင် ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်က စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသောစားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းတာဝန်များအကြောင်း၊ ဈေးကွက် စီးပွားရေးစနစ်တွင် ကုန်စည်၏အရည်အသွေးအပြင် ရောင်းသူ ဝယ်သူ ယုံကြည်မှုတည်ဆောင်နိုင်ရေး သည် အရေးကြီးကြောင်း၊အရည်အသွေး၊ အရေအတွက်အပြင် ငွေပေးချေမှု ကတိကဝတ်များမှန်ကန် စေရေးမှုလည်း အရေးကြီးကြောင်း၊ ကုန်စည်ဒိုင် အသင်းသားများအားလုံးနှင့် ကိုယ်စားလှယ်များ အားလုံး အရောင်းအဝယ်ပြုလုပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ ကုန်အပ်ကုန်သိမ်းပြု လုပ်ရာတွင် လိုက်နာရမည့် စည်းကမ်း ချက်များ၊ လုပ်ထုံးလုပ်နည်းစည်းကမ်းများ၊ ပြစ်ဒဏ်များ နှင့် ကုန်စည်ဒိုင်အတွင်း လိုက်နာရမည့်စည်းကမ်းများအား တရားမျှတပြီး၊ ဖြောင့်မတ်စွာ အရောင်း အဝယ်ပြု လုပ်နိုင် ကြစေရန် ဆွေးနွေးခဲ့ပြီး၊ ကုန်စည်ဒိုင်အဖွဲ့ဝင် အသင်းသားများမှလည်း အပြန် အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ကာ နံနက် (၁၁:၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)