Main menu

ဆန်ဆိုင်များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေးကွင်းဆင်းစစ်ဆေး

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းရေးအတွက် စားသုံးဆီဆိုင်များ၊ ဆန်ဆိုင်များအား သတ်မှတ်ရည် ညွှန်းစျေးများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ကုန်ညွှန်းအမှတ်အသားများပါရှိရေး ကွင်းဆင်းစစ် ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့သစ်မြို့၊ မြို့မစျေးနှင့် ရပ်ကွက်များရှိ ကုန်စုံဆိုင်များနှင့် ဆန်ဆိုင်များသို့ (၁၅.၃.၂၀၂၅) ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

           ထိုသို့ စစ်ဆေးရာ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့သစ်မြို့နယ် တာဝန်ခံဦးအောင်လွင်နှင့် ဝန်ထမ်းများ ပူးပေါင်းကာ မြို့မစျေးအတွင်းရှိ ဆန်ဆိုင်များ၊ စားသုံးဆီအရောင်းဆိုင်များသို့ဝင်ရောက်၍ စားသုံးဆီနှင့်ဆန်များ အားရောင်းချပေးရာ၌ ကုန်းညွန်းအမှတ်အသားများကပ်ထားခြင်းရှိ/မရှိ၊ ဆန်များအား သတ်မှတ်ထားသည့် စျေးနှုန်းထက်ကျော်လွန်ရောင်းချခြင်းမပြုလုပ်ရန် ကွင်းဆင်းစစ်ဆေး၍ ဆီဆိုင်ပိုင်ရှင်နှင့် ဆန်ကုန်သည်များအား ပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)