
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသောကုန်စည်များ သုံးစွဲနိုင်ရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းအား လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-ခုနှစ် မတ်လ(၁၇)ရက်နေ့တွင် ကသာခရိုင်ဦးစီး မှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦးသည် ကသာမြို့ပေါ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ကုန်စုံဆိုင်တွင် ရောင်းချလျက်ရှိသည့် စားသောက်ကုန်များ၊ ကလေးအာဟာရဖြည့်စွက်စာများ၊ အသင့်စားအစားအစာအမျိုးမျိုးနှင့် အချိုရည်အမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ကုန်စည်အလိုက်မဖြစ်မနေ ထည့်သွင်းဖော်ပြရမည့်အချက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် ကုန်စည်များတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး ရောင်းချသူဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားနှင့် သက်ဆိုင်ရာဌာနထောက်ခံချက်ပြည့်စုံစွာ ပါဝင်ခြင်းမရှိသော ကုန်စည်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ရောင်းချခြင်းမပြုရန်နှင့် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)မှ စားသုံးရန်မသင့်ဟု တရားဝင်ထုတ်ပြန်ထားသော စားသောက်ကုန်များ၊ သက်တမ်းလွန်စားသောက်ကုန်များကိုလည်း ရောင်းချခြင်းမပြုရန်မှာကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)