Main menu

ကန့်ဘလူမြို့နယ်၌ ပဲနီသီးနှံဈေးနှုန်း ကျဆင်းလျက်ရှိ

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံ များအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲနီသီးနှံများသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

             ၂၀၂၅ ခုနှစ် မတ်လ တတိယပတ်အတွင်း ဈေးနှုန်းများမှာ ပဲနီတစ်တင်းလျှင် (၈၁၅၀၀)ကျပ်၊ အကွဲအနာပါတစ်တင်းလျှင် (၈၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲနီတစ်တင်းလျှင်(၅၀၀)ကျပ် ကျဆင်းသွားကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)