Main menu

ကန့်ဘလူမြို့နယ်၌ ကုလားပဲအသစ်ဈေးနှုန်းများ ပြန်လည်မြင့်တက်

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး မိုးသီးနှံ၊ ဆောင်းသီးနှံများအပြင် သီးထပ် သီးညှပ်များလည်း စိုက်ပျိုးကြကြောင်း၊ ပြည်တွင်းစားသုံးမှုရှိသလို ပြည်ပပို့ကုန်လည်းဖြစ်သည့် ကုလားပဲသီးနှံကို ကန့်ဘလူမြို့နယ် မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြပြီး ယခုအခါ ဈေးကွက်အတွင်း ကုလားပဲအသစ်များ စတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

           ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးလျက်ရှိသည့် ကုလားပဲသီးနှံမျိုးမှာ ထိုင်ဝမ်မျိုး၊ (929)မျိုးနှင့် (V2)မျိုးဟူ၍(၃)မျိုးရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် မတ်လ တတိယပတ်တွင် ကုလားပဲအသစ် ထိုင်ဝမ် တစ်တင်းလျှင် (၇၂၀၀၀)ကျပ်၊ ကုလားပဲ(929)တစ်တင်းလျှင်(၇၅၀၀၀)ကျပ်နှင့် ကုလားပဲ (V2)တစ် တင်းလျှင်(၇၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကန့်ဘလူခရိုင်မှထွက်ရှိသည့် ကုလားပဲများကို မန္တလေးမြို့ရှိ ကုန်စည်ဒိုင်များနှင့် ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)