တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေးဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ၉.၆.၂၀၂၂ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းအဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသားများနှင့် ဌာနအသီးသီးမှ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ သင်တန်းကို (၉.၆.၂၀၂၂) မှ (၁၁.၆.၂၀၂၂)ထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းနည်းပြ(၃)ဦးက ပဲခူးတိုင်းဒေသကြီးအတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ဌာနများမှ အရာထမ်း၊ အမှုထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်စေရေး၊ လုပ်ငန်းကျွမ်းကျင်မှုရှိစေရေး၊ ဌာနဆိုင်ရာအချင်းချင်း အခက်အခဲမရှိ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရေးနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများအား ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေးအတွက် ဘာသာရပ်(၁၁)ခုကို သင်ကြားပို့ချခဲ့ပြီး ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား၊ သင်တန်းသူ ၁၆ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)