
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးဒေါ်ခင်ကြည်၊ အကြီးတန်းစာရေး ဒေါ်အိအိစမ်းနှင့် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းဝင်းတို့သည် ၂၀၂၂ခုနှစ် ဇွန်လ ၁၃ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Center)၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ Talk Showတွင် ဒုတိယဦးစီးမှူးဒေါ်ခင်ကြည်က စားသုံးသူများအတွက် စားသုံးသူကိစ္စရပ်များအသိပညာပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ၂၀၁၉ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ဥပဒေပြဌာန်းချက်တွင် ဖော်ပြထားသော အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာတို့အား အသေးစိတ်ရှင်းလင်းခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရန် စီးပွားရေးလုပ်ငန်းရှင်များဘက်မှ ထုတ်လုပ်သည့် ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်သားဖော်ပြရန်တာဝန်ယူဆောင်ရွက်မှ စားသုံးသူ ကာကွယ်ရေးဥပဒေနှင့်အညီလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကုန်အညွှန်းအမှတ်အသားများပြုလုပ်ရန် လည်း စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး၌ ရုံးဖွင့်ရက်၊ ရုံးအချိန်အတွင်း လာရောက် လျောက်ထားနိုင်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများမှ ဝန်ဆောင်မှုအပြည့်ဖြင့် ကူညီဆောင်ရွက်ပေးနေပါကြောင်း၊ စားသုံးသူများအနေဖြင့်လည်း “ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှစိတ်ချယုံကြည်စားသုံးကြ” ဆိုသည့်အတိုင်း ဘေးအန္တရာယ်ကင်းရှင်းပြီး စားသုံးသူများ လုံခြုံစိတ်ချရမှုရ၍ ကုန်အညွှန်းအမှတ်အသား၏အရေးပါသောအချက်အလက်တို့အား Talk Show တွင် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါသည်။
DOCA(မွန်)