Main menu

အခြေခံစားကုန်နှင့်သားငါးဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့ မြို့မဈေးရှေ့တွင် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၂ရက်နေ့၊ နံနက် ( ၇ : ၀၀) အချိန်၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်လျက် မြို့နယ်ကုန်ဈေးနှုန်း ထိန်းချုပ်ရေးအဖွဲ့ဝင်များဖြစ်ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပါဝင်သောပူးပေါင်းအဖွဲ့ဝင်များသည် ကြို့ပင်ကောက်မြို့၊  မြို့မဈေးရှေ့၌ အခြေခံစားသောက်ကုန်ဆိုင်များနှင့် သား / ငါး အရောင်းဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

                     ထိုသို့ဆောင်ရွက်ရာတွင် အသား/ငါးအရောင်းဆိုင်များအား ၎င်းတို့၏ကုန်ကြမ်းဝယ်ယူသော ဈေးနှုန်းများ၊သယ်ယူစရိတ်နှင့်လုပ်သားသုံးစွဲခများ၊အခွန်အခများနှင့်ကုန်ချောရောင်းချသောဈေးနှုန်းအခြေအနေများအား စုံစမ်းမေးမြန်းပြီး ဖြစ်သင့်ဖြစ်ထိုက်သော အမြတ်ဈေးကို တွက်ချက် စီစစ်၍ စားသုံးသူများအား သက်သာသောဈေးဖြင့်သာ ရောင်းချကြရန် အလေးချိန်၊ အချိန် အတွယ်များ မှန်မှန်ကန်ကန် ရောင်းချကြရန်နှင့် မသမာသောနည်းဖြင့် ရောင်းချမှုမပြုကြရန်အထူးမှာကြားခဲ့ပြီးလိုက်နာရန်ပျက်ကွက်ပါကအရေးယူစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCa(ပဲခူး)