
အင်ဒိုနီးရှားနိုင်ငံသည် လျှပ်စစ်အပါအဝင် အမှိုက်များကို စွမ်းအင်အရင်းအမြစ်အဖြစ်သို့ ပြောင်းလဲရန် အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ စည်မျဥ်းအသစ်များရေးဆွဲနေကြောင်း မတ်လ ၁၄ ရက်နေ့က ဆင်ဟွာမှ အကြီးတန်းအရာရှိတစ်ဦးက သောကြာနေ့တွင်ပြောကြားခဲ့သည်။ ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်သောနည်းပညာများကို အသုံးပြုပြီးလောင်စာဇီဝစွမ်းအင်နှင့် လျှပ်စစ်ထုတ်လုပ်ရန်အတွက် ပလက်စတစ်စွန့်ပစ်ပစ္စည်းများအား Pyrolysis ဖြင့် လုပ်ဆောင် သွား မည်ဖြစ်ကြောင်း စွမ်းအင်နှင့်သတ္တုအရင်းအမြစ်ဆိုင်ရာ လက်ထောက်ဝန်ကြီး Yuliat Tanjung က ဂျကာတာမြို့ရှိ ၄င်း၏ရုံးတွင် ပြောကြားခဲ့သည်။ Tanjung ၏ အဆိုအရ အစိုးရသည် အမှိုက်မှ စွမ်းအင်အဖြစ်သို့ ပြောင်းလဲခြင်းကို ၂၀၂၉ ခုနှစ်တွင် အနည်းဆုံးမြို့ကြီး ၃၀ တွင်အကောင်အထည်ဖော်ရန်ရည်ရွယ် ထားပြီး မြို့တိုင်းတွင်လျှပ်စစ်ဓာတ်အား ၂၀ မဂ္ဂါဝပ်ခန့်ထုတ်လုပ်ရန်မျှော်မှန်းထားကြောင်းသိရသည်။ ဤအစီအစဥ်သည် ၂၀၂၉ ခုနှစ်တွင် ၁၀၀ ရာခိုင်နှုန်းအမှိုက်များ စီမံခန့်ခွဲမှုအောင်မြင်ရန်အင်ဒိုနီးရှား၏ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်း လည်းဖြစ်ကြောင်းသိရသည်။
DOCA(ရန်ကုန်)