ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် တောင်ငူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲနိုင်လွင်ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ ဇွန်လ ၉ ရက်နေ့က တောင်ငူမြို့နယ်အတွင်း ရောင်းချလျှက်ရှိသော စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
မြို့နယ်တာဝန်ခံပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်သော Nilar Yoma, High Way Star, Regency, New Day, ASK, ရွှေဝါနှင့် သန်းနိုင်ဆိုင်များသို့ သွားရောက်၍ စက်သုံးဆီဈေးနှုန်းနှင့် လက်ကျန်အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာဆိုင်မန်နေဂျာများက ရှင်းလင်းတင်ပြပါသည်။
ထိုသို့စစ်ဆေးကြည့်ရှုရာတွင် အချို့ဆိုင်များ၌ ဆီဘောက်ဆာများဝင်ရောက်လာသည်ကို တွေ့ရှိရပြီး အချို့ဆိုင်များတွင် ဆီဘောက်ဆာရောက်ရှိခြင်းမရှိသေး၍ လက်ကျန်ဆီနှင့်ရောင်းချနေသည်ကို တွေ့ရှိရကြောင်း၊ ဆီဘောက်ဆာများ မကြာမီရောက်ရှိမည်ဟု သက်ဆိုင်ရာ ဆိုင်မန်နေဂျာ များ၏တင်ပြချက်အရ သိရပါကြောင်း၊ စက်သုံးဆီဘောက်ဆာယာဉ်များ ရောက်ရှိလာပြီဖြစ်သဖြင့် ဆီဈေးနှုန်းမှာ ယခင်ရက်များကထက် အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)