Main menu

အင်ဒိုနီးရှားနိုင်ငံ Subang မြို့တွင် အမေရိကန်ဒေါ်လာ၂၃၇ သန်းတန်ကြေးရှိသော စက်ရုံတည်ဆောက်ရန် VinFast စီစဉ်

Powered by Drupal

          ဗီယက်နမ်ကားကုမ္ပဏီဖြစ်သည့် VinFast သည် အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားရှိ Subang မြို့တော်တွင် အမေရိကန်ဒေါ်လာ ၂၃၇ သန်းတန်ကြေးရှိသည့် လျှပ်စစ်ကားစက်ရုံ တည်ဆောက်ရန် အာမခံခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Rosan Roeslani က ပြောကြားခဲ့ ပါသည်။ ထိုစက်ရုံသည် ဟတ်တာ ၁၂၀ ကျော်ကျယ်ဝန်းပြီး တစ်နှစ်လျှင့် ကား အစီးရေ ၅၀၀၀၀ ထုတ်လုပ်ရန်စီစဉ်ထားကြောင်း သိရပါသည်။ ဝန်ကြီး၏အဆိုအရ ရင်းနှီးမြှုပ်နှံမှု ကတိကဝတ် ပြုမှုသည် VinFast ၏ သမ္မတ Prabowo Subianto နှင့် အစည်းအဝေးအတွင်း ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရပါသည်။ VinFast သည် ထိုစက်ရုံကို Ramadan ဥပုပ်ကာလပြီး‌ နောက် တည်ဆောက်မှုစတင်ရန် စီစဉ်ထားကြောင်း သိရပါသည်။ ဆောက်လုပ်ရေးသည် ယခုနှစ်တွင် ပြီးမြောက်ရန်နှင့် မော်တော်ယာဉ်ထုတ်လုပ်မှုကို စက်တင်ဘာလတွင် စတင်ရန် မျှော်လင့် ရကြောင်း သိရပါသည်။ စက်ရုံသည် များစွာသောမော်တော်ယာဉ်အမျိုးအစားများ ကို ထုတ်လုပ် မည်ဟုသိရပါသည်။ စက်ရုံတည်ဆောက်ရေးအတွက် ပြင်ဆင်မှုများမှာ ချောမွေ့လျှက်ရှိပြီး အစိုးရသည်လည်း ဆောက်လုပ်ရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ရန် ပံ့ပိုးပေးမည်ဟု သိရပါသည်။ ဝန်ကြီးက အင်ဒိုနီးရှားသည် VinFast ၏ မော်တော်ကား တင်ပို့ရန် ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်ရန် ရည်မှန်းထားသည့် နိုင်ငံနှစ်နိုင်ငံထဲမှတစ်နိုင်ငံ ဖြစ်ကြောင်း သိရပါသည်။ လျှပ်စစ်ကားစက်ရုံတည်ဆောက်မည့်ကနဦးရင်းနှီးမြှုပ်နှံမှု ကတိ ကဝတ်ပြုမှု အပြင် ကုမ္ပဏီသည် အင်ဒိုနီးရှား၏စွမ်းအင်ကဏ္ဍတွင် များစွာသောအခြား ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို စိတ်ဝင်စားမှုကို ပြသခဲ့ကြောင်း သိရပါသည်။ VinFast သည် West Nusa Tenggara ရှိ ဆိုလာစွမ်းအင်စက်ရုံများနှင့် Sulawesi ရှိ လေစွမ်းအင် စက်ရုံများတွင် ရင်းနှီးမြှုပ်နှံရန် ၎င်းတို့၏ဆန္ဒကိုဖော်ပြခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ၎င်းတို့သည် အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်းတွင် လျှပ်စစ်မော်တော်ယာဉ်အားသွင်းရုံများ တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရပါသည်။ ထိုအားသွင်းရုံများတည်ဆောက်မှုမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံထိ ရောက်ရှိနိုင်ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)