Main menu

တနင်္သာရီတိုင်းဒေသကြီးမှ မတ်လအတွင်းရော်ဘာဈေးနှုန်းအခြေအနေ

Powered by Drupal

          တနင်္သာရီတိုင်းဒေသကြီးတွင် ရော်ဘာကို အဓိကစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လျက် ရှိကြသည်။ ပြည်တွင်းတွင် ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်သည့် မွန်ပြည်နယ်၊ ကရင် ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးပြီး ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင်လည်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

          တနင်္သာရီတိုင်းဒေသကြီးမှ ယခုပတ်အတွင်း ရော်ဘာဈေးနှုန်းအခြေအနေမှာ RSS-3 တစ်ပေါင် လျှင်(၃၀၅ဝိ/-)ကျပ်နှင့် RSS-5 တစ်ပေါင်လျှင်(၂၉၅ဝိ/-)ကျပ်ဈေးနှုန်းရှိကြောင်းသိရှိရပါသည်။ သို့ပါ၍ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုအပတ်ဈေးနှုန်း အနည်းငယ်မြင့်တက်လျက်ရှိပြီး ထားဝယ်တွင် ရော်ဘာဈေးနှုန်းအနေဖြင့် တောင်သူများတွက်ချေကိုက်လျက်ရှိကြောင်း သိရှိရပါ သည်။ 

DOCA(တနင်္သာရီ)