
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ရောင်းချလျက်ရှိရာ ယခုအခါ ကင်းပုံပင်များကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင် လည်း ကောင်း စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။ ကင်းပုံသီးမှာအချိုမျိုးနှင့် အခါးမျိုး နှစ်မျိုးရှိပြီး၊ အချိုမျိုးသည် အသီးနှင့်အရွက်နှစ်မျိုးစလုံး စားသုံးနိုင်ကြောင်း၊ ကင်းပုံသီးများကို ကြော်စား၊ ချက်စား၊ နှပ်စား အမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ဒုတိယပတ်တွင် ထားဝယ်မြို့စည်ပင်သာယာဈေးနှင့် ကမ်းနားဈေးတို့တွင် ကင်းပုံသီးများကို ကျေးရွာများမှ ဝယ်ယူ၍ရောင်းချလျက်ရှိကြောင်း၊ ကင်းပုံသီး ဆယ်လုံးပါ(၁)ထုပ်လျှင် (၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသူထံမှ သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)