Main menu

စျေးကွက်အတွင်းကြက်သွန်ဖြူစျေးနှုန်းအနည်းငယ်ကျဆင်း

Powered by Drupal

          စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူကို ဟင်းလျာများတွင် အသုံးပြုပြီး ပြည်နယ် အတွင်းတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြပြီး အောင်ပန်း၊ ကလောတို့မှ သယ်ယူရောင်းချလျက် ရှိပါသည်။ လက်ရှိစျေးကွက်အတွင်းဖြစ်ပေါ်နေသော ကြက်သွန်ဖြူစျေးနှုန်းမှာ ယခုမတ်လအတွင်း ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် ယခင်ပတ်(၁၅၀၀၀/-)ကျပ်မှ ယခုပတ်(၁၃၀၀၀/-)ကျပ်သို့ လည်းကောင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ယခင်ပတ်(၁၇၀၀၀/-)ကျပ်မှ ယခုပတ် (၁၅၀၀၀/-)ကျပ်သို့လည်းကောင်း ကျဆင်းသွားကြောင်းသိရှိရပါသည်။

          ယခုမတ်လအတွင်း ယခင်ပတ်နှင့်နှိုင်းယှဥ်ကြည့်လျှင် ကြက်သွန်ဖြူ တစ်ပိဿာလျှင် (၂၀၀၀ /-) ကျပ်မျှ အနည်းငယ် ကျဆင်းလာကြောင်း ထားဝယ်မြို့ စည်ပင်သာယာစျေးအတွင်းရှိ စားဖိုဆောင် သုံးပစ္စည်းများ ရောင်းချနေသူတစ်ဦးထံမှသိရှိရပါသည်။

DOCA(တနင်္သာရီ)