Main menu

ထားဝယ်မြို့စျေးကွက်တွင်းသကြားပြောင်းဖူးစျေးနှုန်းကျဆင်း

Powered by Drupal

၂၀၂၅ခုနှစ် မတ်လ တတိယပတ်တွင် ထားဝယ်ဒေသထွက် သကြားပြောင်းဖူးများ ဈေးအနည်းငယ်ကျလျက်ရှိကြောင်းသိရသည်။ ဒေသခံတောင်သူများသည် ရာသီပေါ်သီးနှံသကြား ပြောင်းများကို မိသားစုအပိုဝင်ငွေရရှိရန်အတွက် တစ်နိုင်တပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။ သကြားပြောင်းကို ပြုတ်၍လည်းကောင်း၊ မီးဖုတ်၍လည်းကောင်း စားသုံးနိုင်သလို ကြက်ဥဖြင့်လည်းကြော်စားပါက အလွန်စားကောင်းသော သီးနှံတစ်မျိုးဖြစ်သည်။ ယခင်လ သကြား ပြောင်းဈေးနှုန်းမှာ (၁)ဖူးလျှင် (၁၂၀၀)ကျပ်၊ (၁၀)ဖူးလျှင် (၁၁၀၀၀)ကျပ်နှင့် ယခုလ သကြား ဈေးနှုန်းမှာ (၁)ဖူးလျှင် (၈၀၀)ကျပ်၊ (၁၀)ဖူးလျှင် (၇၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရသည်။

DOCA(တနင်္သာရီ)