Main menu

ထားဝယ်မြို့ရှိစက်သုံးဆီအရောင်းဆိုင်များတွင်စျေးနှုန်းအနည်းငယ်ကျဆင်း

Powered by Drupal

 မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေ သကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

          ထားဝယ်မြို့ စက်သုံးဆီဆိုင်များတွင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ယခု မတ်လ ပထမအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၇၆၀) ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် (၃၄၁၀) ကျပ်၊ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၂၃၀) ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၃၂၈၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

မတ်လတတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၇၇၀) ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် (၃၄၀၀) ကျပ်၊ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၁၉၅) ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၃၂၅၀) ကျပ်ဖြင့် ရောင်းချနေသောကြောင့် ဈေးနှုန်းအသီးသီး အနည်းငယ်ကျဆင်းလျှက် ရှိကြောင်း စက်သုံးဆီဆိုင်များမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)