Main menu

ဘားအံမြို့တွင်းရှိ ဖရဲသီးဈေးနှုန်း အခြေအနေ

Powered by Drupal

ဘားအံမြို့၊ မတ်လ  ၁၈

          ပွင့်လင်းရာသီ နွေရာသီကာလဖြစ်၍ အပူချိန်မြင့်တက်နေသောကြောင့် ကရင်ပြည်နယ် ဘားအံမြို့ပေါ်တွင် ဖရဲသီးများ ဈေးကောင်းရလျက်ရှိကြောင်းသိရသည်။ဖရဲသီးကို ဘားအံမြို့ အနီးတဝိုက် ကျေးရွာများတွင် တနိုင်တပိုင် စိုက်ပျိုးကြသည့် အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ ဘားအံမြို့ဈေးကွက်အတွင်း ဖရဲသီးများ ရောင်းချဝယ်ယူ ရာတွင် အရွယ်အစားလိုက်ပြီး ဈေးနှုန်းကွာဟမှုရှိသည်။ ဖရဲသီးဈေးနှုန်းများမှာ ဖရဲသီး အလုံးကြီး (၁)လုံးလျှင် (၅,၀၀၀/၈,၀၀၀)ကျပ်၊ ဖရဲသီး အလုံးလတ် (၁)လုံးလျှင် (၃,၀၀၀/၄,၀၀၀)ကျပ်၊ အလုံးသေး (၁)လုံးလျှင် (၂,၅၀၀/၃,၀၀၀)ကျပ်တို့ဖြစ်ကြောင်းနှင့် ယခုနှစ်တွင် ဒေသထွက် ဖရဲသီးနှင့် ပြည်တွင်းထွက် ဖရဲသီးများ ဘားအံမြို့ဈေးကွက်အတွင်း အရောင်းသွက်၍ ဈေးကောင်းရကာ တွက်ချေကိုက်လျက်ရှိကြောင်းသိရသည်။

DOCA(ကရင်)