Main menu

ငါန်းဇွန်မြို့နယ်တွင် ပဲစိမ်းငုံများရိတ်သိမ်းပြီးစီး

Powered by Drupal

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်သည် ပဲစဉ်းငုံသီးနှံကို ၂၀၂၄-၂၀၂၅ ခုနှစ်တွင် လျာထားဧက(၃၀၃၀၀)ရှိပြီး စိုက်ဧက (၃၃၃၈၈) ဧကစိုက်ပျိုးကြောင်း သိရသည်။ စိုက်ပျိုးသော မျိုးများမှာ ရွှေဒင်္ဂါးနှင့်ငါးဆံပဲ မျိုးများကိုအများဆုံးစိုက်ပျိုးကြကြောင်း၊ ယခုအချိန်တွင် အားလုံး ရိတ်သိမ်းပြီးဖြစ်ကြောင်း စိုက်ပျိုးရေးစာရင်းအရ သိရသည်။ ပဲစဉ်းငုံစိုက်ပျိုးမှု တစ်ဧကကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ( ၃၀၀၀၀၀) ကျပ်ကုန်ကျကြောင်း သိရသည်။ ရွှေဒင်္ဂါးမျိုး  စိုက်ဧကမှာ (၃၂၆၀၈ )ဧကရှိပြီး တစ်ဧကပျမ်းမျှ အထွက်နှုန်းမှာ (၁၁.၀၆) တင်းနှုန်းဖြင့် တင်းပေါင်း (၃၆၀၆၀၇)တင်းထွက်ရှိကြောင်းနှင့် ငါးဆံပဲမျိုး စိုက်ဧကမှာ (၇၈၀) ဧက စိုက်ပျိုးပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ(၁၀.၆၈) တင်းဖြင့် တင်းပေါင်း (၈၃၃၀) တင်းထွက်ရှိ ကြောင်း သိရသည်။ ယခင်နှစ်တွင် ပဲစဉ်းငုံတစ်တင်းလျှင် (၁၂၀၀၀၀) ကျပ်ဈေးရှိပြီး ယခုနှစ်တွင် (၉၀၀၀၀) ကျပ်ဝန်းကျင်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ တစ်ဧက တောင်သူအကျိုးအမြတ် အနေဖြင့် (၃၀၀၀၀၀)ကျပ်ဝန်းကျင် ရရှိကြောင်းနှင့် ငါန်းဇွန်မြို့နယ်အတွင်း ထွက်ပေါ်သောပဲစဉ်းငုံ များကိုအများဆုံးရောင်းချမှုအနေဖြင့် မန္တလေးမြို့သို့တင်ပို့ရောင်းချကြောင်း သိရသည်။

DOCA(မန္တလေး)