
ဗမာခရမ်းချဉ်သီးဆိုသည်မှာ မြန်မာနိုင်ငံတွင် စိုက်ပျိုးသည့်ရာသီပေါ်ခရမ်းချဉ်သီး အမျိုး အစားတစ်ခုဖြစ်ပြီး အရသာရှိတဲ့အပြင် အာဟာရဓာတ်ကြွယ်ဝသည်။
မြင်းခြံမြို့နယ်ရှိ ကုန်စိမ်းဈေးဖြစ်သော အေးမြသီတာဈေးတွင် ဗမာခရမ်းချဉ်သီး လက်လီ တစ်ပိဿာလျှင်(၅၀၀)ကျပ်မှ(၁၀၀၀)ကျပ်ဖြင့်ရောင်းချနေပြီး ပွဲရုံများတွင်လက်ကားဂျွန် တစ်ပိဿာ လျှင်(၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဗမာခရမ်းချဉ်သီး အရွယ်အစား၊ အရည်အသွေး ပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ်ကွာခြားသည်။ ဝင်ရောက်မှုအနေဖြင့် ဒေသတွင်းရွာများဖြစ်သော ဂျုပ်ပင်ရွာ၊ နဘူးအိုင်ရွာများနှင့် ပုပ္ပားမြို့တို့မှ ဝယ်ယူရောင်းချသည်။
ဗမာခရမ်းချဉ်သီးများသည် ရာသီဥတုနှင့်မြေဆီလွှာအခြေအနေပေါ်မူတည်၍ အရည်အသွေး ကောင်းမွန်ပြီး ဈေးကွက်တွင်ဝယ်ယူမှုများပြားလျက်ရှိသည်။ ယခုအချိန်တွင် ဗမာခရမ်းသီးများ လှိုင်လှိုင်ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးကွက်တွင် ဝယ်ယူစားသုံးမှုများပြားလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှသိရသည်။
DOCA(မန္တလေး)