Main menu

အရောင်းသွက်သောရွှေလိမ္မော်(ခေါ်)ပျားလိမ္မော်သီးဈေးကွက်

Powered by Drupal

            လိမ္မော်သီးသည် မြန်မာနိုင်ငံတွင် စီးပွားဖြစ်စိုက်ပျိုးသော်လည်း အေးမြသောတောင်တန်း   ဒေသများတွင် ဖြစ်ထွန်းမှု ပိုများပြီး ရှမ်းပြည်နယ်၊ကယားပြည်နယ်နှင့် အခြားဒေသများတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြသည်။ လိမ္မော်သီးသည် ဈေးကွက်တွင် ဝင်ငွေကောင်းမွန်စွာ ရရှိနိုင်သော သီးနှံတစ်မျိုးဖြစ်သည်။

            မြင်းခြံမြို့နယ်အတွင်းရှိ သစ်သီးအရောင်းဆိုင်များတွင်ရောင်းချလျက်ရှိသော ရွှေလိမ္မော်သီး တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်၊ ၂၅ ကျပ်သားလျှင် ၃၀၀၀ ကျပ်ဖြစ်ပြီး၊လိမ္မော်သီး(ရိုးရိုး) တစ်ပိဿာ လျှင်(၇၀၀၀)ကျပ်၊၂၅ ကျပ်သားလျှင်(၁၈၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဝင်ရောက်မှုအနေဖြင့် ရှမ်းပြည်နယ်ကလောမြို့၊မန္တလေးတိုင်းပြင်ဦးလွင်မြို့တို့မှ မှာယူတင်သွင်း ရောင်းချကြောင်းသစ်သီး ရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။ လိမ္မော်သီး အရွယ်အစား၊ အရည်အသွေးပေါ်မူ တည်၍ဈေးနှုန်းများကွာခြားကြောင်း၊ ရွှေလိမ္မော်သည် အခွံပါး၍၊ နူးညံ့ပြီး အရသာချိုသောကြောင့် ဈေးကွက်တွင်အရောင်းသွက်သလိုလိမ္မော်သီး(ရိုးရိုး)ထက်လဲဈေးပိုပြီး၊ဈေးလည်းမြင့်ပါသည်။လိမ္မော်သီးသည် ဗီတာမင်စီ ဓါတ်ကြွယ်ဝစွာ ပါဝင်ပြီး၊ ရှောက်သံပုရာနွယ်ဝင်အသီးတစ်မျိုးဖြစ်ပါသည်။ လိမ္မော်သီး များသည် ဒီဇင်ဘာလနှင့် ဖေဖော်ဝါရီလများအတွင်း ဈေးကွက်၌လှိုင်လှိုင် ထွက်ပေါ်ပြီး ယခုမတ်လတွင် လိမ္မော်သီးဝင်ရောက်မှုနည်းသွား၍ လိမ္မော်သီး တစ်ပိဿာလျှင် ယခင်လထက် (၁၀၀၀) ကျပ်ခန့်ဈေးမြင့်တက်ခဲ့သည်။

DOCA(မန္တလေး)