Main menu

စပျစ်သီးဈေးကွက်အရောင်းသွက်

Powered by Drupal

စပျစ်သီးသည် နွေးထွေးသောရာသီဥတုနှင့် နေရောင်ခြည်အပြည့်အဝရရှိသော ဒေသ     များတွင် ကောင်းစွာစိုက်ပျိုးဖြစ်ထွန်းနိုင်သည်။မြန်မာနိုင်ငံတွင် စပျစ်သီးကို ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ပခုက္ကူ၊ ရေနံချောင်း၊ ရမည်းသင်း၊ ပျော်ဘွဘ် စသည့်မြို့နယ်များတွင် စိုက်ပျိုးလျက်ရှိပြီး သီးချွန်နှင့်သီးဝိုင်းဟူ၍အသီးပုံသဏ္ဍာန်ပေါ် မူတည်၍ နှစ်မျိုး ခွဲခြားထားသည်။

          မြင်းခြံမြို့နယ် သစ်သီးအရောင်းဆိုင်များတွင် ရောင်းချနေသော စပျစ်သီးအချွန်(အီတလီမျိုး) နှင့် စပျစ်သီးအဝိုင်း နှစ်မျိုးလုံးရောင်းချလျက်ရှိရာ စပျစ်သီးတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်ဖြစ်ပြီး၊ ၂၅ ကျပ်သားလျှင် (၂၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဈေးကွက်ဝင်ရောက်မှုအနေဖြင့် မိတ္ထီလာ၊ ပျော်ဘွယ်၊ မန္တလေးတို့မှ ဝယ်ယူ၍ဒေသတွင်းဖြန့်ဖြူးရောင်းချ လျက်ရှိသည်။ စပျစ်သီးတွင် ဗီတာမင်K နှင့် ကယ်လ်ဆီယမ်တို့သည် အရိုးများကို သန်မာစေပြီး အမျှင်ဓာတ်ပါဝင်မှုကြောင့် အစာခြေစနစ်ကို ထောက်ပံ့ပေးသလို ရေဓာတ်ပါဝင်မှုမြင့်မားပြီး ဗီတာမင်C ကြွယ်ဝ၍ ကိုယ်ခံအားစနစ် ကိုမြှင့်တင်ပေးခြင်းကြောင့် ရာသီပေါ်စပျစ်သီးအားစားသုံးမှုများပြီး ဈေးကွက် အဝင်သွက်သလို ရောင်းအားလည်းကောင်းကြောင်း သစ်သီးရောင်းချသူ တစ်ဦး၏ပြောပြချက် အရသိရသည်။

DOCA(မန္တလေး)