
ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူဦးကြီးများသည် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်၊ ကြက်သွန်၊ ပဲ၊ နှမ်းသီးနှံများအပြင် မိသားစုအပိုဝင်ငွေရရှိစေရန်အတွက်လည်းကောင်း ၊ ကျေးလက် ဒေသများတွင် မြေဆိုးအန္တရာယ်မှ ကာကွယ်ရန်အတွက်လည်းကောင်း ဆူးချုံပင်တစ်မျိုးဖြစ်သော ကင်ပွန်းချဉ်ပင်များကို ခြံစည်းရိုးအပင်အဖြစ်လည်းကောင်း စိုက်ပျိုးလာကြပါသည် ။ ထို့ပြင် ကင်ပွန်းချဉ်ပင်သည် မြန်မာနိုင်ငံနေရာအနှံအပြားတွင်လည်း သဘာဝအလျောက် ပေါက်ရောက် လေ့ရှိကြပါသည်။ကင်ပွန်းချဉ်ပင် စိုက်ပျိုးရာတွင် အစေ့မှမျိုးယူ၍ စိုက်ပျိုး၍ရကြောင်း၊ ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် စျေးကွက်ထဲ၌ ကင်ပွန်းချဉ်ရွက်များ စတင်ရောင်းနေသည်ကို တွေ့ရှိနေရပြီဖြစ်ပါ သည်။ ယခုစျေးကွက်ထဲ၌ ကင်ပွန်းချဉ်ရွက် တစ်ဆယ်သားလျှင်(၁၅၀၀/-)ကျပ် ၊ တစ်ပိဿာလျှင် (၁၃၀၀၀၀/-)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ ကင်ပွန်းရွက်သည် အပူကြောင့်ဖြစ်သော အခိုးအကင်းကိုလည်းကောင်း၊ ဝမ်းရပ်ခြင်းကိုလည်းကောင်း၊ သည်းခြေကို ငြိမ်းစေတက်သည်ဟု ဓာတု ဆေးကျမ်းများတွင် ဖော်ပြထားသည်ကိုလေ့လာဖတ်ရှုရပါသည်။ ကျွန်မတို့မြန်မာလူမျိုး များသည် ကင်ပွန်းချဉ်ရွက်ကို အကြော် ၊ ဟင်းချို ၊ အချဉ်ဟင်း စသည်ဖြင့် အမျိုးမျိုးပြုလုပ်၍ နေ့စဉ် စားသုံးလျှက်ရှိကြ၍ မိသားစုတစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်စိုက်ပျိုးသင့်ပါကြောင်းရေးသားအပ်ပါ သည်။
DOCA(မန္တလေး)