စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်ဦးစီး၍ ဇွန်လ(၁၀)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန် တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း (၃၁)ဦး တက်ရောက်ခဲ့ပါသည်။
ဟောပြောပွဲ၌ စစ်ကိုင်းခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံနှင့် ဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများအကြောင်းကိုလည်းကောင်း၊ စစ်ကိုင်းခရိုင် ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၉)၊ အခန်း (၁၀)၊ အခန်း(၁၁)၊ အခန်း(၁၃)၊ အခန်း(၁၈)အတွင်း ပြဌာန်းထားသော ဥပဒေများအကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံးများရှိပါက တိုင်ကြားနိုင်သည့်နေရာ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ အယူခံဝင်ခြင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း သိကောင်းစရာများကိုလည်းကောင်း Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည့် စိတ်ဝင်တစား မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ဖြေကြား၍ စားသုံးသူအသိပညာပေး (Pamphlets) လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)