Main menu

“နွေနှမ်းများစတင်စိုက်ပျိုးလျှက်ရှိ”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် နွေနှမ်းများ စတင်စိုက်ပျိုးလျှက်ရှိပါသည်။ ၂၀၂၅ခုနှစ်အတွင် နွေနှမ်းစိုက်ပျိုးရန်အတွက် ဆည်မြောင်းဝန်ကြီးဌာနမှ ရေပေးဝေသောကြောင့် နွေနှမ်းများစိုက်ပျိုးလျှက်ရှိကြောင်း၊နှမ်းစိုက်ပျိုးမှုအနေဖြင့် ဘောင်ကြောင်းပေးစနစ်ဖြင့် စိုက်ပျိုးကြ ပြီးအများဆုံးစိုက်ပျိုးသောမျိုးများမှာနှမ်းဖြူ၊နှမ်းညိုနှင့်နှမ်းနက်မျိုးများကိုစိုက်ပျိုးကြပါသည်။(၁)ဧက စိုက်ပျိုးမှုအနေဖြင့် နှမ်းမျိုး ၁ပြည်လျှင် (၈၀၀၀-၈၂၀၀)ကျပ်အထိ ပေးဝယ်ရကြောင်း  ၊ (၁)ဧက ကုန်ကျစရိတ် အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင်  စုစုပေါင်း(၂၆၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ (၁)ဧက မျိုး(၂-၃)ပြည် စိုက်ပျိုးရကြောင်း ၊ နှမ်းစျေးနှုန်းအနေဖြင့် ယခုလက်ရှိ ပေါက်စျေးမှာ နှမ်းဖြူတစ်တင်းလျှင်(၁၃၀၀၀၀/-)ကျပ် ၊ နှမ်းညိုတစ်တင်းလျှင်(၉၆၀၀၀/)ကျပ်နှင့် နှမ်းနက်တစ်တင်းလျှင်(၉၆၀၀၀/-)ကျပ်ဖြစ်ပြီး နှမ်းဆီ ၁ပိဿာလျှင်(၁၈၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ် လျှက်ရှိပါသည် ။ ကုန်သွယ်ရောင်းဝယ်မှုအနေဖြင့် တောင်သူများမှ နှမ်းပေါ်ချိန်တွင် နီးစပ်ရာ ကျောက်ဆည်မြို့ပေါ်ရှိပွဲရုံများသို့တိုက်ရိုက်သွားရောက်ရောင်းချကြကြောင်း၊ပွဲရုံများမှတဆင့် ရန်ကုန်၊ မန္တ‌လေးမြို့များသို့ တင်ပို့ရောင်းချလျှက်ရှိပါသည် ။ တောင်သူများမှာ နှမ်းကိုဆီထွက်သီးနှံအဖြစ် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလျှက်ရှိပါသည်။နှမ်းပေါ်ချိန်တွင် စျေးနှုန်းများကောင်းမွန်ပါက တောင်သူ များအကျိုးအမြတ်ပိုမိုဖြစ်ထွန်းနိုင်ကြောင်း၊(၁)ဧကအထွက်နှုန်း ခန့်မှန်းချက်(၁၀-၁၁)တင်းခန့်ထွက်ရှိ နိုင်ကြောင်း၊ နှမ်းစိုက်ပျိုးသော တောင်သူများအနေဖြင့်  မိသားစု စားသုံးဆီဖူလုံရုံမျှမက အကျိုးအမြတ် များရရှိသောကြောင့်ဆီထွက် သီးနှံဖြစ်သော နှမ်းသီးနှံကိုလည်း နှစ်စဉ်စိုက်ပျိုးသင့်ကြောင်း ရေးသား တင်ပြအပ်ပါသည်။

DOCA(မန္တလေး)