
မန္တလေးမြို့တွင်းသို့ စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့် ရေဦးမြို့နယ်များမှ ထွက်ရှိသော ရွှေဘို ပေါ်ဆန်း၊ ဧရာမင်း၊ မဂျမ်းတောနှင့် ပဒေသာဆန်များ ဝင်ရောက်သကဲ့သို့ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ပုသိမ်၊ မြောင်းမြဘက်များမှ ဖန်သီးသုခ၊ ရက် ၉၀၊ မှော်သုခ၊ မှော်ဘီ-၂၊ မှော်ဘီ-၃ ဆန်သစ်များလည်း ဝင်ရောက်လျက်ရှိပါသည်။
မန္တလေးမြို့တွင်းသို့ ဝင်ရောက်သည့်ဆန်များအနေနှင့် အောက်ပိုင်းမှ ဝင်ရောက်သည့် ဆန် များကိုပြည်သူများအနေနှင့် စားသုံးမှုနည်းပြီး မုန့်လုပ်ငန်းရှင်များအတွက် အသုံးပြုမှုများကြောင်း၊ ဆန်ဈေးနှုန်းဈေးကွက်အနေနှင့် ဖန်သီးသုခ၊ ရက် ၉၀၊ မှော်သုခ၊ မှော်ဘီ-၂၊ မှော်ဘီ-၃ တို့သည် (သစ်) ၂၄ ပြည်တစ်အိတ်လျှင် ၈၀၀၀၀ ကျပ် မှ ၈၅၀၀၀ ကျပ်၊ (ဟောင်း) ၂၄ ပြည်တစ်အိတ်လျှင် ၈၅၀၀၀ ကျပ် မှ ၉၅၀၀၀ ကျပ်ထိရှိပြီး စားသုံးသူများစားသုံးသည့် ရွှေဘိုပေါ်ဆန်း(သစ်) တစ်ပြည်လျှင် ၅၈၀၀ ကျပ်၊ ၂၄ ပြည်တစ်အိတ်လျှင် ၁၃၅၀၀၀ ကျပ်၊ (ဟောင်း) တစ်ပြည်လျှင် ၆၃၀၀ ကျပ်၊ ၂၄ ပြည်တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်မှ ၁၅၀၀၀၀ ကျပ်၊ မဂျမ်းတောဧရာမင်း၊ ဧရာပဒေသာ (သစ်)တစ်ပြည်လျှင် ၅၅၀၀ ကျပ်၊ ၂၄ ပြည်တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်၊ (ဟောင်း) တစ်ပြည်လျှင် ၆၂၀၀ ကျပ်၊ ၂၄ ပြည်တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်တို့နှင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
DOCA(မန္တလေး)