
တရုတ်စကားပင်သည် အပူပိုင်းဒေသများတွင် များစွာဖြစ်ထွန်းသော ပန်းပွင့်သည့် အပင်မျိုးဖြစ်သည်။ အပင်ငယ်မျိုးဖြစ်ပြီး အကိုင်းများဖြာထွက်၍ ပင်စည်များ၊ အကိုင်းများမှ နို့နှစ်ရောင်အစေးထွက်သော အပင်မျိုးဖြစ်သည်။ အရွက်ချွန်းရှည်များ တစ်ပတ်လည်တွင် စု၍ ထွက်တက်ပါသည်။ တရုတ်စကားပင်သည် အပွင့်များ အူနေအောင်ပွင့်သော အပင်မျိုးဖြစ်သည်။ တရုတ်စကားပွင့်သည် ကဆုန်၊နယုန်လများတွင် စတင်ပွင့်တက်ပြီး ဖေဖော်ဝါရီ၊ မတ်၊ ဧပြီအထိ ကောက်ယူနိုင်ပါသည်။ တရုတ်စကားပွင့်သည် ရနံ့အလွန်မွှေးကြိုင်ပါသည်။ ပွင့်ဖက်(၅)ခုပါရှိပြီး အဖြူရောင်၊ အနီရောင်၊ အဝါနုရောင်၊ ပန်းရောင် စသည်ဖြင့် အရောင်မျိုးစုံရှိပါသည်။ တရုတ် စကားအသီးလည်းသီးပါသည်။ ဦးချိုသဏ္ဍာန်ရှိသော အသီးတောင့်သည် နှစ်ခုတွဲလျှက် တွဲလောင်း ကျနေသော အညှာတွင် အတွဲလိုက်သီးပါသည်။ နေရာဒေသမရွေးလဲ စိုက်ပျိုး၍ရပါသည်။ အကိုင်းများ နေတော်ခုတ်၍ မျိုးပွားစိုက်ပျိုးနိုင်ပါသည်။ မြန်မာဆေးကြမ်းများ အလိုအရ တရုတ်စကားသည် စပ်၊ ခါး၊ ဖန်သောအရသာရှိသည်။ ဆီးဝမ်းကို ရွှင်စေသည် တရုတ်စကား ပွင့်များကို ကောက်ယူ၍ အခြောက်လှမ်းကာ သိမ်းထားနိုင်ပါသည်။ တရုတ်စကားပွင့်ခြောက် များကို ဈေးကွက်အတွင်း၌လည်း ရောင်းချခွင့်ရှိသည်။ တရုတ်စကားပွင့်ခြောက်ကို ပြုတ်၍ အတို့မြုတ်လုပ်၍သော်လည်းကောင်း၊ လက်သုပ်သုပ်၍သော်လည်းကောင်း စားသောက်ကြပါ သည်။ နွားတင်းကုပ်အနား တရုတ်စကားပင်ရှိသည် တရုတ်စကားအပွင့်ကို လက်သုပ်သုပ် စားကြရအောင်ဆိုသည့်အတိုင်း တရုတ်စကားပွင့်အသုပ်သည် ဆေးဖက်ဝင်ရုံသာမက ထမင်း စားမြိန်သော ဟင်းလျာတစ်မျိုးဖြစ်သည်။ ဈေးကွက်အတွင်း၌ တရုတ်စကားပွင့်ခြောက် တစ်ဆယ်ကျပ်သားလျှင်(၁၀၀၀/၁၅၀၀)ကျပ်ဈေးဖြင့် ရောင်းချလျှက်ရှိကြောင်း ဈေးကွက် အတွင်းမှ သိရှိရသည်။
DOCA(မန္တလေး)