Main menu

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရတနာဈေးအတွင်းရှိ ဆေးဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၇.၃.၂၀၂၅) ရက်နေ့ နံနက်(၁၀:) နာရီအချိန်တွင်  ဝါးခယ်မမြို့နယ် ရတနာဈေးအတွင်းရှိ ဆေးဆိုင်များအား ဆေးဝါးပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့နယ် ရတနာဈေးအတွင်းရှိ ဆေးဆိုင်များတွင်ရောင်းချနေသော ဆေးနှင့်ဆေးပစ္စည်းများကိုစစ်ဆေးခဲ့ရာ ရောင်းချနေသော ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများကို ရန်ကုန်မြို့ရှိ ဆေးကုမ္ပဏီများမှဝယ်ယူရရှိပြီး ယခင်ထက်(၅) ရာခိုင်နှုန်းခန့်သာ ဈေးနှုန်းများအနည်းငယ်မြင့်တက်ကြောင်းနှင့် ဝယ်ယူသောပြည်သူများအနေဖြင့် ဆေးဝါးပြတ်လပ်မှုမရှိစေဘဲမိမိတို့လိုအပ်သောဆေးဝါးများကို အခက်အခဲမရှိဝယ်ယူရရှိနေကြောင်း၊ ဈေးနှုန်းမြင့်တင်ရောင်းချနေခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆေးဝါးသိုလှောင်ထားရှိခြင်း များစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆေးပစ္စည်းရောင်းချနေသော ဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)