Main menu

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်၊ ပလွန်စာကျေးရွာတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် (၁၆.၃.၂၀၂၅)ရက်နေ့ နေ့လယ်(၀၁:၀၀) နာရီအချိန်တွင် ပလွန်စာကျေးရွာရှိ အုပ်ချုပ်ရေးမှူးနေအိမ်တွင် ရပ်ကွက်နေပြည်သူများအား စားသုံးသူအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ် တာဝန်ခံမှမိတ်ဆက် စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်တို့အားအသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ Online Sale ရောင်းချခြင်းနှင့်ပတ်သက် ၍လည်း Online  မှဝယ်ယူရရှိသောကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍အသိပညာပေးခြင်း၊  Online Sale ရောင်းချသူများ အားမှတ်ပုံတင်ဆောင်ရွက်နိုင်ရန် အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲသို့ ရပ်ကွက်နေပြည်သူ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)