
ပုသိမ်ခရိုင်၊ သာပေါင်း သီဟိုဠ်သရက်များ ပုံမှန်အားဖြင့် ဖေဖေါ်ဝါရီလလောက်တွင် ပုံမှန်ထွက်ရှိသော်လည်း ပန်းပွင့်ချိန်နောက်ကျသည့်အတွက် ယခုနှစ်တွင် သီဟိုဠ်အထွက် နောက်ကျကြောင်းတွေ့ရှိရပါသည်။ ယခင်နှစ်များက သီဟိုဠ်ရာသီပွဲချိန်၌ သီဟိုဠ်ကုန်ကြမ်း (၁) ပိဿာ (၃၅၀၀) ကျပ်ဖြစ်သော်လည်း၊ ယခုနှစ်တွင် (၁) ပိဿာ (၈၈၀၀) ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ သာပေါင်းမြို့နယ်တွင် သီဟိုဠ်စိုက်တောင်သူ (၈၂၇) ဦး၊ စိုက်ဧက (၁၄၄၀၆) အားကျေးရွာအုပ်စု (၁၇) စုက စိုက်ပျိုးလျက်ရှိပြီး သီဟိုဠ်ကုန်ကြမ်းများအား သာပေါင်းမြို့နယ်တွင် အဝယ်ဒိုင်(၄) ဒိုင်ဖွင့်လှစ်၍ ပုသိမ်၊ ရန်ကုန်မြို့များသို့ ကုန်ကြမ်းအတိုင်းရောင်းချလျက်ရှိပြီး ရာသီချိန်အဖွင့်ဈေးကောင်းရသောကြောင့် သီဟိုဠ်အထွက်နှုန်းကောင်းစေရန် သီဟိုဠ်စိုက်တောင်သူများမျှော်လင့်လျက်ရှိနေကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)