Main menu

အရောင်းသွက်နေသော စပါးခွံ မီးသွေးတောင့်

Powered by Drupal

           ဖျာပုံမြို့တွင် ဆန်စက်များမှ ဆန်းစပါးကြိတ်ခွဲထုတ်လုပ်ခြင်းမှ ထွက်ရှိလာသည့် စပါးခွံများအား ထင်းအစားထိုးလောင်စာများအဖြစ် ထုတ်လုပ်လျက်ရှိပါသည်။ ပုဂ္ဂလိကဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ထုတ်ကုန်များ ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်ဖြန့်ဖြူးနိုင်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိကာ တန်ဖိုးမြင့် ထုတ်ကုန် များ ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ ဆန်စက်များမှထွက်ရှိလာသော စပါးခွံများအား ထင်းအစားထိုး လောင်စာတောင့်အဖြစ် စပါးခွံ မီးသွေးတောင့် လောင်စာများ ထုတ်လုပ်လျက်ရှိပါသည်။ ဖျာပုံမြို့နယ်တွင် စပါးခွံလောင်စာတောင့် ထုတ်လုပ်သူ (၄)ဦးရှိပါသည်။ လောင်စာတောင့် စက်ရုံတစ်ရုံတွင် စပါးခွံ (၁၇)ပိဿာ (၅၀)ကျပ်သားကို မီးသွေးတောင့် (၁၆) ပိဿာ ထွက်ရှိပြီး တစ်နေ့ (၂၀)ပိဿာဝင်အိတ် (၇၀)အိတ်ခန့်ထွက်ရှိပါသည်။ ပိဿာ(၂၀)အိတ် တစ်အိတ်လျှင် ယခင်နှစ်ဈေးနှုန်းမှာ (၅၅၀၀)ကျပ် ဈေးရှိပြီး ယခုနှစ်တွင်(၈၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ လုပ်သားအင်အား (၆)ဦးခန့်ရှိပြီး တစ်ဦးလျှင် တစ်နေ့ (၁၅၀၀၀၀)ကျပ်မှ (၂၀၀၀၀၀)ကျပ်ခန့်အထိ ရရှိပါသည်။ ဈေးကွက်အနေဖြင့် ဒေသအတွင်းနှင့် ပင်လယ်ပိုင်းဒေသဖြစ်သော ဒေါ်ညိမ်း၊ နောက်မီး၊ ကပြတ်၊ ကုလားထိပ် စသည့်ကျေးရွာများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ယခုကာလသည် ပင်လယ်ငါးဖမ်းရေယာဉ်များ အဝယ်လိုက်သော ကာလဖြစ်သဖြင့် အရောင်းသွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)