Main menu

မကွေးမြို့ရှိ ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးစျေးနှုန်းများ မြင့်တက်လျှက်ရှိ

Powered by Drupal

           မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် သီးနှံများ စိုက်ပျိုးရာသီရောက်ရှိလာပြီဖြစ်သဖြင့် စျေးကွက်အတွင်း အ‌ရောင်းအဝယ်ဖြစ်နေသည့် ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးစျေးနှုန်းများ အရောင်းအဝယ်ဖြစ်လျှက် ရှိပါသည်။

        စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပြီး လူသုံးများ‌သော ဓါတ်မြေသြဇာများမှ အာမို၊ MC ၊ တက်တိုးနှင့် ရွှေပုလဲတို့ဖြစ်ကြပြီး စျေးနှုန်းများမှာ ယခင်အပတ်တွင် အာမို(၁၅:၁၅:၁၅)(50kg) တစ်အိတ်လျှင်(၉၆၅၀ဝိ/-) ကျပ်ရှိပြီး ယခုအပတ်တွင် အာမို(၁၅:၁၅:၁၅)(50kg) တစ်အိတ်လျှင် (၉၈၀၀ဝိ/-)ကျပ်ဖြစ်၍ (၁၅၀ဝိ/-)ကျပ် စျေးတက်၊ MC (50kg) တစ်အိတ်လျှင် ယခင်အပတ် (၈၀၀၀ဝိ/-)ကျပ်ဖြစ်ပြီး ယခုအပတ် (၉၂၀၀ဝိ/-)ကျပ်ဖြစ်၍ (၁၂၀၀ဝိ/-)ကျပ်စျေးတက်ခဲ့ပြီး တက်တိုး (၁၅:၇:၈) တစ်အိတ်လျှင် ယခင်အပတ် (၇၈၀၀ဝိ/-)ကျပ်ဖြစ်ပြီး ယခုအပတ်(၇၈၀၀ဝိ/-) ကျပ်၊ ရွှေပုလဲ(မြင်းကျား) တစ်အိတ်လျှင် ယခင်အပတ် (၅၅၀၀ဝိ/-)ကျပ်ဖြစ်ပြီး ယခုအပတ် (၅၅၀၀ဝိ/-)ကျပ်ဖြင့် ယခင်စျေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက် ရှိကြောင်းနှင့် လူသုံးများသော ပိုးသတ်ဆေးများမှာ ဆိုင်ကလုံး၊ ကင်ရွန်နှင့် အီရာပရိုသရင်း တို့ဖြစ်ပြီး ပိုးသတ်ဆေးစျေးနှုန်းမှာ ဆိုင်ကလုံး(၅၅၀EC)တစ်ဗူးလျှင် (၁၆၀၀ဝိ/-)ကျပ်၊ ကင်ရှန့် (၅၅၀-EC)တစ်ဗူးလျှင် (၁၉၀၀ဝိ/-)ကျပ်နှင့် အီရာပရိုသရင်း(၅၀-CC)တစ်ဗူးလျှင် (၁၆၅၀ဝိ/-)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း စျေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA(မကွေး)