Main menu

ဒိုက်ဦးမြို့နယ်အတွင်း၌ ဆန် လက်လီလက်ကား ရောင်းချသည့် ဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေး

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ၁၉.၃.၂၀၂၅ ရက်နေ့တွင် ဒိုက်ဦးမြို့နယ်အတွင်း၌ ရောင်းချလျက်ရှိသော ဆန်ဆိုင်များအား သတ်မှတ်ထားသည့် ရည်ညွှန်းဈေးအတိုင်းရောင်းချရန်၊ ဈေးကွက်အတွင်း ဆန်ပြတ်လပ်မှုမရှိစေရန် ဒုခရိုင်ဦးစီးမှူး ဦးစောသန်းထိုက်ကျော်နှင့် ဒိုက်ဦး မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးတို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့မှ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပါသည်။

            ထိုသို့စစ်ဆေးရာတွင် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး၊ ဒိုက်ဦးမြို့နယ်တာဝန်ခံတို့သည် မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော ဒိုက်ဦးမြို့နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒိုက်ဦးမြို့မဈေးတာဝန်ခံတို့နှင့်အတူ  လက်လီလက်ကားရောင်းချသည့် ဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရန်၊ သတ်မှတ်ပမာဏအတိုင်း အပြည့်အဝရောင်းချရန်၊ အလေးချိန်မှန်ကန်စွာရောင်းချရန်၊ အရောင်းအဝယ် လက်ခံသည့်ဘောင်ချာများထားရှိရန်၊ ကုန်စုံဆိုင်အမည်နှင့် ရောင်းချသည့် ဈေးနှုန်းကပ်ထားသည့် ဗီနိုင်း၊ ပိုစတာ တို့အား အများမြင်သာသည့် နေရာတွင် ချိတ်ဆွဲထားမှု ရှိ/ မရှိ တို့အား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)