Main menu

ကြက်သွန်နီနယ်စုံပေါ်လို့ ဈေးနှုန်းအနည်းငယ်ကျဆင်းလာ

Powered by Drupal

မြင်းခြံမြို့နယ်တွင်းသို့ ဆောင်းစိုက်နွေကြက်သွန်များ ဈေးကွက်အတွင်းသို့ ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်မှစလို့ ဈေးကွက်အတွင်းသို့ ဝင်ရောက်ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ ထိုသို့ ဆောင်းစိုက်နွေကြက်သွန်များ ဝင်ရောက်လာသည်နှင့်အမျှ မိုးကြက်သွန်ဈေးသည်လည်း တဖြည်း ဖြည်း ဈေးနှုန်းအကျဘက်သို့ဦးတည်လာကြောင်းသိရသည်။ ဆောင်းစိုက်နွေကြက်သွန်ကို မြင်းခြံ မြို့နယ်တွင် (၈၆၀၀) ဧက ၊ နွားထိုးကြီးမြို့နယ်တွင် (၂၃၉၄) ဧက ၊ တောင်သာမြို့နယ်တွင် (၉၂၀၄) ဧက စိုက်ပျိုးထားကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှသိရသည်။ ဈေးနှုန်းအနေဖြင့် မတ်လပထမပတ်တွင် မိုးကြက်သွန်နီလက်ကားတစ်ပိဿာ ကျပ် (၅၀၀-၁၅၀၀) ၊ ဆောင်းစိုက် နွေကြက်သွန်တစ်ပိဿာ ကျပ်(၁၅၀၀-၂၁၀၀)၊ အသေးမပါ ဒုတိယပတ်တွင် မိုးကြက်သွန်နီ လက်ကားတစ်ပိသာ ကျပ် (၅၀၀ - ၁၃၀၀) ၊ နွေကြက်သွန်နီ ကျပ် (၁၁၀၀ - ၁၉၀၀) ဈေးရှိကြောင်း သိရသည်။ ကြက်သွန်နီဈေးကွက်သည် ရန်ကုန်ဘုရင့်နောင် ကားဝင်သည့်အပေါ် အခြေခံရောင်း ဝယ်ကြတာဖြစ်သည့်အတွက် လတ်တလောရန်ကုန် ဘုရင့်နောင်သို့ မြစ်သား ၊ ဆိပ်ဖြူ ၊ မုံရွာ ၊ တောင်တွင်းကြီး ၊ မင်းလှ ၊ မင်းဘူး ၊ ပခုက္ကူ ၊ စလေ ၊ မိတ္တီလာ စသည်မြို့နယ်အသီးသီးမှ ဝင်ရောက် လျက်ရှိသည့်အတွက် ဈေးအမြင့်သို့ရောက်ရန် အချိန်တစ်ခုတော့ စောင့်မျှော်အားယူ ရလိမ့်မည်ဟု ကြက်သွန်အရောင်းအဝယ်လုပ်ငန်းရှင်တစ်ဦးထံမှသိရသည်။

DOCA(မန္တလေး)