
မြင်းခြံမြို့နယ်တွင် ပဲစင်းငုံသီးနှံများကို နေရာအနှံခင်းလုံးပြည့်စိုက်ပျိုးမှုရှိသလို မြေပဲခင်း များနှင့်သီးညှပ်စိုက်ပျိုးသည်များလည်းရှိပါသည်။ စိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် (၅၈၉၃) ဧကစိုက်ပျိုးထားပြီး မြင်းခြံဈေးကွက်အတွင်းသို့ ပဲစင်းငုံများ ပုံမှန်ဝင်ရောက်လျက်ရှိပါကြောင်း ဈေးနှုန်းများအနေဖြင့် တစ်ရက်နှင့်တစ်ရက်၊ တစ်ပတ်နှင့်တစ်ပတ်မတူဘဲ ဈေးနှုန်းများ ပြောင်းလဲ ကျဆင်းလာကြောင်း မြင်းခြံကုန်စည်ဒိုင်၏ နေ့စဉ်ရောင်းဝယ်နေသော ကုန်ရောင်းကုန်ဝယ် ကြေညာစာရင်းများအရသိရသည်။ တစ်ခါတစ်ရံ ရောင်းစာရင်း ဝယ်စာရင်းတင်ထားသော်လည်း ရောင်းသူနဲ့ဝယ်သူဈေးမတူညီဘဲ ဈေးနှုန်းလွန်ဆွဲမှုများလည်းရှိပြီး ဝယ်သူကရောင်းသူကို ဈေးလိုက် ရသလို ရောင်းသူကဝယ်သူကို ဈေးနိမ့်ရောင်းရသည်များလဲရှိသည့်အတွက် အရောင်းအဝယ် စာရင်းတင်သမျှ အရောင်းအဝယ်ကုန်အောင်စာရင်းမပြတ်သည်များလည်း ရှိကြောင်းသိရသည်။ လက်ရှိပဲစင်းငုံပေါက်ဈေးအနေဖြင့် တစ်ပိဿာလျှင် ကျပ် (၄၅၆၀ - ၄၆၀၀) ရှိသည့်အတွက် နေ့စဉ် အိတ် (၃၀၀ - ၄၀၀) ခန့်သာအရောင်းအဝယ်ဖြစ်ပြီး အရောင်းအဝယ်အေးနေကြောင်းသိရသည်။
DOCA(မန္တလေး)