
မြင်းခြံမြို့နယ်သည်လယ်ယာစိုက်ပျိုးရေးကိုအခြေခံ၍ သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ၎င်းတို့ထဲမှ အစေ့ထုတ်ပြောင်းသီးနှံသည်လည်း ပြည်ပဈေးကွက်ဝင်သီးနှံတစ်မျိုး ပင်ဖြစ်ပါကြောင်း ၊ မြင်းခြံမြို့နယ်တွင် အစေ့ထုတ်ပြောင်းစိုက်ဧက(၁၁၀၀၆) စိုက်ပျိုးထားရှိကြောင်း သိရသည်။ မြင်းခြံခရိုင်အတွင်းစိုက်ပျိုးမှုအနေဖြင့် နွားထိုးကြီး မြို့နယ်တွင် (၁၁၄၉) ဧက၊ တောင်သာ မြို့နယ်တွင် (၇၀၂) ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာ ခရိုင်ကြေးတိုင်နှင့်မြေစာ ရင်းဦးစီးဌာနမှသိရသည်။ စိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင်အများဆုံး စိုက်ပျိုးထားပါကြောင်း၊ ယခင်နှစ်စိုက်ဧကနှင့်နှိုင်းယှဉ်လျှင်မြင်းခြံမြို့နယ်မှာ(၃၂)ဧက လျော့နည်းစိုက်ပျိုးထားကြောင်းသိရ သည်။ ထွက်ရှိသောသီးနှံများကို မြင်းခြံဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိရာ တစ်ပိဿာလျှင် ကျပ် (၁၄၈၀ - ၁၅၀၀) ရရှိပြီး ကုန်ချိန်အိတ်ရေ (၇၀၀ - ၈၀၀) အဝင်ရှိပြီး လင့်ကြီး ၊ ဒါးကျွန်း ၊ နတ်ညွှန်း၊ ဂျုပ္ပင် ၊ ထနောင်းတိုင် ၊ ပတ္တာ ၊ ဂေါင်းခွဲ ၊ တောင်ကျွန်း၊ မြောက်ကျွန်းနှင့် နယ်ကြား ကျေးရွာများမှ လာရောက်ရောင်းချကြကြောင်းသိရပြီး မြို့ပေါ်လက်လီပြန်အရောင်း လုပ်ငန်းရှင် များနှင့် ရန်ကုန်တိရစ္ဆာန်အစာစက်ရုံတင်ပို့သည့် လုပ်ငန်းများဝယ်ယူလျက်ရှိကြောင်း သိရသည်။
DOCA(မန္တလေး)