
မန္တလေး ကုန်စည်ဒိုင်အတွင်းသို့ စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ် တောင်ပိုင်း မှထွက်ရှိသော စားတော်ပဲများဝင်ရောက်သကဲ့သို့ မန္တလေးတိုင်း အတွင်းမြင်းခြံ၊မတ္တရာ၊ စဉ့်ကူး၊ပြင်ဦးလွင်မြို့နယ်များမှထွက်ရှိသည့် စားတော်ပဲများ မန္တလေးကုန်စည်ဒိုင်အတွင်းဝင် ရောက် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ စားတော်ပဲသည် ပြည်တွင်း သုံးမှုများသည့်သီးနှံတစ်မျိုး လည်းဖြစ်ပါသည်။ဈေးနှုန်းဈေးကွက် အနေနှင့်စားတော်ပဲ(ကနေဒါ) 59.25ပိဿာ တစ်အိတ်လျှင် ၃၄၀၀၀၀ကျပ် ၁ပိဿာ (၅၇၃၈) ကျပ် ၊ ကျွန်းစားတော်ပဲ ၅၉.၂၅ ပိဿာ ၁အိတ်လျှင် ၃၅၅၀၀၀ ကျပ် ၁ပိဿာ (၅၉၉၂) ကျပ်၊ ဈေးနှုန်းများဖြင့် ကုန်စည်ဒိုင်တွင် ရောင်းဝယ်လျက်ရှိပြီး လက်လီရောင်းချသူများအနေဖြင့် ကျွန်းစားတော်ပဲ ၁ပိဿာ ၆၅၀၀ကျပ်၊ ကနေဒါ စားတော်ပဲပိဿာ ၆၃၀၀ ကျပ်တို့နှင့် ဈေးကွက်တွင် ရောင်းဝယ်မှုရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)