
မန္တလေးမြို့ ပွဲရုံများသို့ ကုလားပဲထွက်ရှိရာဒေသများဖြစ်ကြသည့် မတ္တရာ၊ စဉ့်ကူး၊ ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စဉ့်ကိုင်၊ ဝမ်းတွင်း၊ မင်းဘူး၊ တောင်တွင်းကြီး၊ မုံရွာတို့တွင် ထွက်ရှိကြသည့်(ကုလားပဲမျိုးစုံများအနက် ကုလားပဲ V2 မှာ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု များပြားသည့် ပဲမျိုးစုံသာမက ဆီထွက်သီးနှံများ ပြောင်းတို့ကို မန္တလေးမြို့မဟာကထိန်တော် အသင်းကုန်စည်ဒိုင်ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ကုလားပဲမျိုးများမှာ ထိုင်ဝမ်၊ 929၊ V2၊ V7 အမျိုးအစားအလိုက်ဈေးနှုန်းများ ကွာခြားလျှက်ရှိပြီး V2(၅၇.၂၅)ပိဿာ (၃)တင်းဝင်အိတ် (၁)အိတ်လျှင် ယခင်နှစ်က(၂၄၅၀၀၀-၂၄၈၀၀၀)ကျပ် အရောင်းအဝယ်ရှိခဲ့ပြီး ယခုနှစ်တွင်မူ V2(၅၇.၂၅)ပိဿာ (၃)တင်းဝင်အိတ် (၁)အိတ်လျှင်(၂၅၀၀၀၀)ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်ကြပြီး အိန္ဒိယနိုင်ငံသို့ အများဆုံး တင်ပို့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)